ဆရာ...???

??????

တပည့်တွေ ရှေ့ရေး မျော်တွေးကာ

အပြုံးလေးနဲ့ တွဲခေါ်သလို 

အမုန်းခံပြီးလည်း ချစ်ပေးတက်တယ်။


ဆရာ...???

??????

တပည့်လေးတွေ  အောင်မြင်ဖို့အရေး

တွဲခေါ်ကာလည်း ပွဲလည်ထုတ်ပြခဲ့တယ်။


ဆရာ...???

??????

ယူထားတဲ့ ပညာကြေးထက်

တပည့်တွေအပေါ် ပေးလိုက်တဲ့

စေတနာမေတ္တာတွေက အစမတန်များပြားပါပေတယ်။


ဆရာ...???

??????

မှားမှာ ကြောက်နေတဲ့

တပည့်တွေရှေ့မှာ မားမားမတ်မတ် 

ရပ်တည်ရင်း ဆရာရှိတယ် ရဲရဲသာလုပ်ဆိုတဲ့

ဆရာရဲ့ စကားတစ်ခွင်းက

 တပည်တွေအတွက် ခွင့်အားဖြစ်စေပါတယ်။


ဆရာ...???

??????

ပညာတွေ သင်ကြားပေးရုံသာမက

ဘာသာရေး အသိစိတ်ဓာတ်နဲ့

စိတ်ခွင့်အားတွေကိုပါ တပည့်တွေရဲ့ ရင်ထဲရောက်အောင် ထည့်ပေးလိုက်တယ်။


ဆရာလိုပဲ သိပါစေ တက်ပါစေ 

နားလည်ပါစေဆိုပြီး

စေတနာ မေတ္တာရှေ့ထားကာ

အစစအရာရာ ဂရုဆိုက်ပေးတဲ့ 

အတွက်လည်း တပည့်အားလုံးကိုစား

အထူးကိုကျေးဇူးတင်ပါတယ် ဆရာ...???


ဆရာကိုမင်းနဲ့တကွ

သင်ဆရာ မြင်ဆရာ 

ကြားဆရာအားလုံးကို ရိုသေသမူ ဂါတဝပြုပါတယ်ခင်ဗျာ???


ဆရာကျင့်ဝတ်

?????

၁။အတက်လည်းသင်

၂။ပဲ့ပြင်ဆုံးမ

၃။သိပ္ပမချန်

၄။ဘေးရန်ဆီးကာ

၅။သင့်ရာအပ်ပို့

    ဆရာတို့/ကျင့်ဖို့ဝတ်ငါးဖြာ။